မလေးရှားနိုင်ငံရှိ ရော်ဘာခြံတွင် မြန်မာအမျိုးသား တစ်ဦး ကျားကိုက်ခံရပြီး ‌ေ-သဆုံးမှုဖြစ်ပွား

0
329

မလေးရှားနိုင်ငံ၊ ကန်ပန်မီရန်တိုဒေသရှိ ရော်ဘာခြံထဲတွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ကျားကိုက်ခံရကာ ‌ေ-သဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကားကာ Malay Mail သတင်းဌာန ဖော်ပြထားသည်။

အသက် (၂၂) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ ဇနီးဖြစ်သူနှင့်အတူ နိုဝင်ဘာ (၁၁) ရက်က ရော်ဘာခြံထဲတွင် အလုပ်လုပ်ကိုင်နေစဉ် ကျားတစ်ကောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ကျားကိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား အာကာစိုးမှာလည်ပင်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သွေးထွက်လွန်ပြီး‌ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ ဂွါမူဆန်မြို့ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဆစ်ချွန်းဖူက ထုတ်ဖော်ပြောဆိုသည်။

ကျားကိုက်ခံရသူ အာကာစိုးကို အခြားမြန်မာနိုင်ငံသား (၄) ဦးနှင့် ဇနီးဖြစ်သူတို့က ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သွေးထွက်လွန်ကာ ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကန်ပန်မီရန်တို ဒေသရှိ ရော်ဘာခြံထဲတွင် နှစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက် ကျားကိုက်ခံရမှုဖြစ်ပြီး နိုဝင်ဘာ (၁၀) ရက်ကလည်း အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကျားကိုက်ခံရမှုကြောင့် ‌ေ-သဆုံးခဲ့ရပြီး ၎င်း၏ ခြေထောက်နှင့်အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို တောထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောဆိုထားသည်။

ဖြစ်စဉ်များကြောင့် Kelantan တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဌာန (Perhilitan) သည် ရော်ဘာခြံအတွင်း ကျားတိုက်ခိုက်ခံရပြီးနောက် ထောင်ချောက်များနှင့် ကင်မရာများ တပ်ဆင်စောင့်ကြည့်မည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here