မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

0
349

မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီကို နိုဝင်ဘာ(၁၃)ရက်မှ စတင်၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (၄)ရပ်ကွက်၊ တကောင်းဘုရားလမ်း၊ အမှတ် (၂)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီကို UEC က ယနေ့ရက်စွဲဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့် အညီ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေး ပါတီမှတ်ပုံတင်အမှတ် (၄၀)ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ၎င်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံပြန်လည်လျှောက်ထားသည့် ပါတီနှင့် ပါတီသစ် တည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သည့် ပါတီ (၆၀) ကျော်အနက် ထက်ဝက်ကျော်သာ ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိထားပြီး ပါတီအချို့မှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုခံရခြင်း မရှိသေးဘဲရှိနေသေးခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here