အမေရိက နှင့်စစ်တပ်ချင်းဆက်ဆံမှုပြန်လည် ထူထောင်ရန် တရုတ်ကိုတွန်းအားပေးမည်ဟုဘိုင်ဒင်ဆို

0
354

ဝါရှင်တန်၊နိုဝင်ဘာ ၁၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံနှင့် စစ်တပ်ချင်း ဆက်ဆံရေးက်ို ပြန်လည်ထူထောင်လိုသည်ဟု အိမ်ဖြူတော်၏နိုင်ငံ‌တော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ဆန်ဖရန်စစ္စကို၌ လာမည့်ဗုဒ္ဓဟူး‌နေ့တွင်ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတရှီနှင့်တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံမည်ဖြစ်ကြောင်းလည်းသိရသည်။

ယခုတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဘိုင်ဒန် အာဏာရလာပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ဒုတိယအကြိမ် လူချင်းတွေ့ဆုံမှုဖြစ်လာမည်ဟုလည်းသိရသည်။

ဘိုင်ဒင်နှင့်ရှီဆွေးနွေးပွဲတွင် အစ္စရေး – ဟားမတ်စ်စစ်ပွဲမှအစ ပြု၍ ရုရှား၏ယူကရိန်းသို့ကျူးကျော်မှု၊ထိုင်ဝမ်အ‌ရေးအပါအဝင် ရုရှားနှင့်မြောက်ကိုရီးယား၏ဆက်ဆံရေး၊အင်ဒို-ပစိဖိတ်ဒေသ၊လူ့အခွင့်အရေး၊ နာကျင်မှု ကို သက်သာစေသော ဘိန်းပါသည့် ဖန်တာနိုင်းလ် ဆေးထုတ်လုပ်မှု၊ဉာဏ်ရည်တု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံရေးဆိုင်ရာများပါဝင်ရန်မျှော်လင့်ရသည်ဟု အမေရိကန်အကြီးတန်း အရာရှိတစ်ဦးကပြောကြားခဲ့သည်။

တရုတ်နှင့်အမေရိက အကြားဆက်ဆံရေးသည် ဖေဖော်ဝါရီလက အမေရိကန်သို့ဝင်လာသည့် တရုတ်ထောက်လှမ်းရေးမီးပုံးပျံကို ပစ်ချခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးအေးစက်လာခဲ့သည်။

သို့သော် ဘိုင်ဒန်၏ ထိပ်တန်း အစိုးရ အရာရှိများသည် နောက်ပိုင်းတွင် ပေကျင်းသို့သွားရောက်ခဲ့ကြပြီး နှစ်နိုင်ငံကြား ဆက်သွယ်ရေးနှင့်ယုံကြည်မှုပြန်လည်တည်ဆောက်ရန် တရုတ်တာဝန်ရှိသူများနှင့်ပါတွေ့ဆုံခဲ့ကြသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here