အိန္ဒိယဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့်ပိတ်မိနေသည့်အလုပ်သမား ၄၀ ဦးစလုံး ဘေးကင်းဟုဆို

0
267
Rescue workers gather at the site after a tunnel collapsed in the Uttarkashi district of India's Uttarakhand state on November 13, 2023. - Rescue workers in northern India said on November 13 they had made contact with 40 workers trapped for over 24 hours after the road tunnel they were building collapsed. (Photo by AFP)

ဒေရာဒွန်း၊နိုဝင်ဘာ ၁၃

အိန္ဒိယနိုင်ငံ၌ ဆောက်လက်စဥမင် လိုဏ်ခေါင်း ပြိုကျမှုကြောင့် ပိတ်မိနေသည့်အလုပ်သမား ၄၀ ဦးနှင့် ဆက်သွယ်လို့ရခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်သူများကပြောကြားခဲ့သည်။

“ပိတ်မိနေသူအလုပ်သမားအားလုံးနဲ့အဆက်သွယ်ရပါပြီ၊အားလုံးလဲဘေးကင်းပါတယ်” ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့အား အစားအစာနှင့်ရေများပို့ဆောင်ပေးထားကြောင်းလည်းသိရသည်။

ယခုမတော်တဆမှုသည် တနင်္ဂနွေနေ့နံနက်အစောပိုင်းကဖြစ်ပွားခဲ့ပြီး ၂၄ နာရီကျော်ပိတ်မိနေသည့်အဆိုပါအလုပ်သမားများအတွက် အောက်ဆီဂျင်ရရှိရန်လေပိုက်ဖြင့်ထိုးသွင်းပေးခဲ့ကာ အစားအသောက်များကိုမူ ရေပိုက်မှတစ်ဆင့် ပို့ဆောင်ပေးခဲ့သည်ဟုသိရသည်။

အဆိုပါဥမင်လိုဏ်ခေါင်းသည် ဝန်ကြီးချုပ်မိုဒီ၏ ဆာဒမ်လမ်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံတွင်းအကျော်ကြားဆုံး ဟိန္ဒူဘုရားကျောင်းများအပါအဝင် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသောဒေသအချို့အတွက် ချိတ်ဆက်မှုတိုးတက်စေရန် ရည်ရွယ်သော စီမံကိန်း တစ်ခုလည်းဖြစ်‌ကြောင်းသိရသည်။

ကြီးမားသောအခြေခံအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများအတွင်း မတော်တဆဖြစ်ရပ်များသည် အိန္ဒိယ၌မကြာခဏ‌ဖြစ်လေ့ရှိသောကိစ္စလည်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here