ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပြီး ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းတောင်နှင့် အရှေ့တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်

0
258

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန နိုဝင်ဘာ (၁၄) ရက် နံနက် (၇) နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ညနေအထိ စစ်ကိုင်းနှင့် ကချင်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း မိုး/ဇလ ထုတ်ပြန်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နောက်(၂)ရက်အတွင်း နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ယနေ့ညနေအထိ နေပြည်တော်နှင့် ရန်ကုန် အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းနှင့် မန္တလေးမြို့နှင့် အနီးတစ်ဝိုက် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here