ရူပီး-ကျပ် ငွေပေးချေမှုဆိုင်ရာများအပါအဝင် အခြားသောကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များဆွေးနွေး​နေ

0
228

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းနှင့်အိန္ဒိယသံရုံး (ရန်ကုန်) မှ New Deputy Chief of Mission, Mr. Ashish Sharma နှင့် Mr. Ashok Kumar, New Second Secretary (Commerce) & Head of Chancery တို့ ယမန်နေ့ (နိုဝင်ဘာလ ၁၃)ရက်တွင် တွေ့ဆုံခဲ့ကြသည်။

ယင်းအစည်းအဝေး၌ ကုန်သွယ်မှုတွင် ရူပီး-ကျပ် ငွေပေးချေမှုဆိုင်ရာများအပါအဝင် အိန္ဒိယသံရုံးနှင့် အသင်းချုပ်အကြား နီးကပ်စွာလက်တွဲ ပူးပေါင်းဆောင်ရွက်ရေး၊အပြန်အလှန်ထောက်ပံ့ကူညီနိုင်ရေး၊ရင်းနှီးဆက်ဆံမှုကို အားကောင်းစေရေး၊ မြန်မာအသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် အိန္ဒိယသံရုံးတို့ချိတ်ဆက်ဆက်သွယ်နိုင်ရေး၊ အိန္ဒိယကုန်စည်ပြပွဲများသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်စေရေးနှင့် မြန်မာကုန်စည်ပြပွဲများသို့ အိန္ဒိယလုပ်ငန်းရှင်များ စေလွှတ်နိုင်ရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် အသင်းချုပ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော အိန္ဒိယစီးပွားရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေး၊လက်တွေ့ကျင့်သုံးမှုဆိုင်ရာကိစ္စရပ်များတို့ကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌဒေါက်တာဝင်းစည်သူ၊တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်၊ ဒေါ်သူဇာဝင်း၊ IR advisor ဦးတင့်ဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here