ဒီဇင်ဘာလမှ စတင်ကာ အမျိုးသားပြတိုက် ဝင်ကြေးများ ပြောင်းလဲကောက်ခံမည်

0
302

လာမည့် ဒီဇင်ဘာလမှစတင်ပြီး အမျိုးသားပြတိုက် (ရန်ကုန်) အပါအဝင် ပြတိုက် ၃ခု ၏ဝင်ကြေးများကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ပြည်တွင်းပြည်ပ ဧည့်ဝင်ကြေးများ ပြောင်းလဲကောက်ခံမည့် ပြတိုက် ၃ ခုမှာရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ အမျိုးသားပြတိုက်(နေပြည်တော်) ၊ အမျိုးသားပြတိုက် ( ရန်ကုန်) နှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်များဖြစ်ကြောင်း သိရသည်။

ပြောင်းလဲကောက်ခံမည့် ပြတိုက်ဝင်ကြေးမှာ ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ဝင်ကြေး ၁၀၀၀ ကျပ်နှုန်းနှင့် ပြည်ပ ဧည့်သည်ဖြစ်ပါက ဝင်ကြေး ၁၀၀၀၀ကျပ်နှုန်း ဖြစ်ရာ ရဟန်း ၊ သီလရှင် ၊ ကျောင်းသားနှင့် အသက် ၁၂နှစ်အောက်ကလေးများအတွက် ဝင်ကြေး အခမဲ့ဖြစ်ကြောင်း သိရသည်။

လက်ရှိကောက်ခံနေသည့် အမျိုးသားပြတိုက် ဝင်ကြေးသည် ပြည်တွင်း ဧည့်ဝင်ကြေး လူကြီးတစ်ဦး ၅၀၀ကျပ် နှင့် ပြည်ပ ဧည့်ဝင်ကြေး လူကြီးတစ်ဦး ၅၀၀၀ကျပ်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပြတိုက်အနေဖြင့်  နိုင်ငံခြားငွေလဲလှယ်မှု တန်ဖိုးများအရ တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်းသိရသည်။

photo credit


LEAVE A REPLY

Please enter your comment!
Please enter your name here