မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် COVID-19 ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလ သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်

0
204

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍမှလုပ်ကိုင်သူများကိုချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလ သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ပေးထားကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါချေးငွေရယူထားသည့် ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း ၂ နှစ် စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် ၁ နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာထားသည်။

ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရမည်ဖြစ်ကြောင်း၊ ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရမည်ဖြစ်ကြောင်း၊ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လုပ်ငန်းကော်မတီမှ ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here