ချက်နိုင်ငံ ပရာ့ဂ်မြို့ Diplomatic Spouse Association (DSA) မှ ကြီးမှူးကျင်းပသည့်ဈေးရောင်းပွဲသို့ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ

0
190

ချက်နိုင်ငံ ပရာ့ဂ်မြို့၊ Diplomatic Spouse Association (DSA) မှ ကြီးမှူး၍ နိုဝင်ဘာ (၁၂) ရက်က သံရုံးများ၏ Charity Festival ဈေးရောင်းပွဲကို Hilton Hotel ၌ ကျင်းပခဲ့ရာ၊ မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ ပါဝင်ဆင်နွှဲခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ Charity Festival ဈေးရောင်းပွဲတွင် ပရာ့ဂ်မြို့ အခြေစိုက်သံရုံး(၅၀)ကျော်၏ နိုင်ငံအလိုက် အနုပညာပစ္စည်းများ၊ အဝတ်အထည်များ၊ လက်ဆောင်ပစ္စည်းများ၊ ထုတ်ကုန်များနှင့် ရိုးရာအစားအစာများ ရောင်းချသည့် အရောင်းပြခန်းများအား ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ Charity Festival ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားသို့ ချက်နိုင်ငံ သမ္မတ၏ ဇနီး Ms. Eva Pavlova တက်ရောက်၍ သံရုံးများမှ သံအမတ်ကြီးများ၊ ၎င်းတို့၏ ဇနီး/ခင်ပွန်းများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here