အောက်တိုဘာလတွင် ပဲစင်းငုံတန်ချိန် (၃၄၄၀) ကျော် တင်ပို့ရောင်းချထား

0
248

ပြီးခဲ့သည့် အောက်တိုဘာလတွင် ပဲစင်းငုံတန်ချိန် (၃၄၄၀) ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သုံးသန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

ယင်းသို့ တင်ပို့ရောင်းချရာတွင် အိန္ဒိယနိုင်ငံသို့ တန်ချိန် (၃၃၂၀) ကျော်ဖြင့် အများဆုံးတင်ပို့ရောင်းချထားပြီး စင်ကာပူနိုင်ငံသို့ တန်ချိန် (၁၂၀) တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် စားသုံးမှု အနည်းငယ်သာရှိသည့် အတွက် ပြည်ပဈေးကွက်ကိုသာ အားထားနေရသည့် ပဲအမျိုးအစားဖြစ်ပြီး ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇ သန်းတန်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ ပဲစင်းငုံပြည်ပတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၄၄၂ သန်းရရှိခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံမှ ပဲစင်းငုံများကို အိန္ဒိယနိုင်ငံက အများဆုံးဝယ်ယူနေကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံက မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်ထိ ခွင့်ပြုထားကာ အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။

ပဲစင်းငုံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here