အပ်ငွေစာရင်းဟောင်းများ မူလသတ်မှတ်ချက်အတိုင်းပြန်အသုံးပြုနိုင်ဟု KBZ ထုတ်ပြန်

0
273

နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး ငွေစုဘဏ်အပ်ငွေစာရင်းအပါအဝင် အပ်ငွေစာရင်းဟောင်းများကို မူလသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း KBZ ဘဏ်မှ ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

အပ်ငွေစာရင်းဟောင်းများဖြစ်သည့် ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း နှင့် စာရင်းသေအပ်ငွေစာရင်း တို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့ မှစတင်၍ မူလသတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

ယခုကဲ့သို့ မူလသတ်မှတ်ချက်များအတိုင်းပြန်လည်အသုံးပြုရာတွင် ငွေသားထည့်သွင်းခြင်း၊ ငွေလွှဲခြင်း နှင့် ငွေသားထုတ်ယူခြင်း စသည့်လုပ်ဆောင်ချက်များပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘောဇဘဏ်၏ အပ်ငွေစာရင်းဟောင်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိပါက နီးစပ်ရာဘဏ်ခွဲ (သို့) Call Center နံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here