ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး အား နေပြည်တော်၌ လက်ခံတွေ့ ဆုံ

0
851

နေပြည်တော်၊ နိုဝင်ဘာလ ၁၄

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ၏နောက်ကွယ်တွင် တရုတ်ဖက်မှအားပေးကူညီမှုများရှိနေသည်ဟု လူမှုကွန်ရက်မီဒီယာအချို့တွင် သတင်းများထွက်ပေါ်လာပြီးနောက် တွေ့ဆုံသည်ကိုတွေ့ရခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai အား ၁၄-၁၁-၂၀၂၃ ရက်နေ့ ၁၀:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်ဟုသိရသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး နှင့် သံအမတ်ကြီးတို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ
အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here