ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာ မိုင်တိုင်အမှတ်၊ ၈၅/၁-၂ကြား တံတားအမှတ် (၁၁၆/A)အနီး ရထားလမ်းရှိ တံတားပျက်စီးခဲ့ရ

0
204

ရန်ကုန် – မန္တလေးရထားလမ်းမကြီး၏ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးဘူတာ၊ ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် ၈၅/၁-၂ ရှိ တံတားအမှတ်(၁၁၆/A) အနီး သံလမ်းနှစ်ကို ဖျက်ဆီးခံလိုက်ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် ရထားလမ်းအား မိုင်းထောင်ပေါက်ကွဲမှုကြောင့် တံတားအစွန် ကွန်ကရစ်ခုံ ၃ ပေ ပတ်လည်ခန့်ပျက်စီးခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ တံတားပေါ် သံလမ်းနှစ်ခုကြား ပလပ်စတစ်ကော်ပုံးနှင့် ထည့်ထားသည့် လက်လုပ်မိုင်း (၃)လုံး၊ တံတားအောက်တွင် လက်လုပ်မိုင်း(၄)လုံးအား တွေ့ရှိခဲ့ပြီး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ နေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေး တပ်ဖွဲဝင်တို့ အချိန်နှင့် တပြေးညီ နယ်မြေ ရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများမှ ပျက်စီးသွားသော ရထားလမ်းအား ပြန်လည် ပြုပြင်ခဲ့ပြီး ရထားသွားလာမှုကို ထိခိုက်မှု မရှိသော အစုန်လမ်းမှ ဆက်လက်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပိုဆောင်မှု အဆင်ပြေ ချောမွေ မြန်ဆန်စေရေး ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားလုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here