လက်ရှိ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု တန်ဖိုး ကန်ဒေါ်လာ (၂) ဘီလီယံကျော်ထိ လျော့ကျ

0
213

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လကျော် ကာလအတွင်း ပြည်ပကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂ ဘီလီယံကျော်ထိ လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီ (၁) ရက်မှ နိုဝင်ဘာ (၃) ရက်ကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု တန်ဖိုးသည် ကန်ဒေါ်လာ ၁၈ ဒသမ ၄၄၃ ဘီလီယံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှု တန်ဖိုးထက် ကန်ဒေါ်လာ ၂ ဒသမ ၀၇၈ ဘီလီယံကျော်ထိ လျော့ကျနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပကုန်သွယ်မှုတန်ဖိုးသည် ကန်ဒေါ်လာ ၂၀ ဒသမ ၅၂၁ ဘီလီယံကျော်ရရှိခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၅၅၈ ဘီလီယံကျော်ထိ သိသိသာသာ လျော့ကျခဲ့ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့ကာ ကုန်သွယ်မှု ကန်ဒေါ်လာ ၄၇၉ သန်းကျော် တိုးမြင့်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here