ရန်ကုန် – မန္တလေး အမြန်လမ်းတွင် အငှားယာဉ်(၁)စီး လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ

0
195

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် အငှားယာဉ်(၁)စီး ဘီးပေါက်ကာ အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့သည့်အတွက် ယာဉ်ပေါ်ပါ (၅) ဦးအနက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်း။ 

ယနေ့ နိုဝင်ဘာ (၁၅)ရက် နံနက် (၈)နာရီ (၄၅)မိနစ်အချိန်ခန့်က ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/ဝ) နှင့်(၁၁၇/၁)တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မတော်တဆမှု သတင်းအရ (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း (၅)ဦးအနက် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here