အွန်လိုင်းမှ ကျောင်းဝင်ခွင့် မှတ်ပုံတင်နိုင်ရန်နှင့်မိုဘိုင်း Payment ဖြင့် ကျောင်းဝင်ကြေး သွင်းနိုင်ရန်စီစဉ်နေ

0
233

နယ်ဝေးမှ တက္ကသိုလ် တက်နေရသူများ အဆင်ပြေစေရန်ရည်ရွယ်၍ အွန်လိုင်းမှ ကျောင်းဝင်ခွင့် မှတ်ပုံတင်နိုင်ရန်နှင့်မိုဘိုင်း Payment ဖြင့် ကျောင်းဝင်ကြေးသွင်းနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နိုဝင်ဘာ (၁၄) ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ” အဝေးသင်ကျောင်းသားအချို့က နယ်ဝေးကနေတက္ကသိုလ်ကို လာရောက်ကျောင်းအပ်ဖို့အတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့် User-Friendly Online Platform တည်ဆောက်ပြီး တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ User တွေအတွက်အွန်လိုင်းကနေ ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာမေးပွဲကြေးတွေကို Online၊ Mobile Payment စနစ်နဲ့ပေးသွင်းနိုင်တဲ့စနစ် ကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ် (၅၀) မှ ကျောင်းသားဦးရေစုစုပေါင်း ငါးသိန်းကျော် ၊ ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းတွင်ကျောင်းသားဦးရေ နှစ်သောင်းနီးပါးရှိကြောင်း သိရသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)အထွေထွေမန်နေဂျာ၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီ ဘဏ်၊CBဘဏ်၊ယူနိုက်တက်အမရာဘဏ်၊ Telecom International Myanmar တို့မှ အကြီးအကဲနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here