ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ အာဆီယံကော်မတီ (အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၄ ဇန်နဝါရီလမှ ဇွန်လအထိ တာဝန်ထမ်းဆောင်မည်

0
256

ကနေဒါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် အာဆီယံကော်မတီ (အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ ဇွန် (၃၀) ရက်အထိ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ ကော်မတီ(အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားသံအမတ်ကြီး H.E. Anizan Siti Hajjar Adnin ၏ နေအိမ်၌ (၂၈၃) ကြိမ်မြောက် အာဆီယံကော်မတီ(အော်တာဝါ) အစည်းအဝေးနှင့် အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းလက်ခံသည့်အခမ်းအနားကို နိုဝင်ဘာ (၁၄) ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် အာဆီယံ ကော်မတီ(အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မလေးရှားသံအမတ်ကြီး H.E. Anizan Siti Hajjar Adnin ထံမှ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ (၂၈၃) ကြိမ်မြောက် အာဆီယံကော်မတီ(အော်တာဝါ) အစည်းအဝေးနှင့် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံသည့် အခမ်းအနားသို့ အော်တာဝါမြို့အခြေစိုက် အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံနေ့ (ASEAN Day) အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်ခဲ့သည့် ကိစ္စအပါအဝင် အာဆီယံကော်မတီ၏ လုပ်ငန်းအစီအစဉ်များအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးကာ အမြင်ချင်းဖလှယ်ခဲ့ကြကြော င်း သိရသည်။

ထို့နောက် မလေးရှားသံအမတ်ကြီးက ကော်မတီ၏အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာသံအမတ်ကြီးထံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here