ရခိုင်နှင့် ချင်းပြည်နယ်နှစ်ခုအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏နှစ်ဆ ခံစားခွင့်ပြု

0
227

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုကြောင်း သိရသည်။

ယင်းသို့ နိုင်ငံ့ဝန်ထမ်းများ မူရင်းလစာ၏နှစ်ဆ ခံစားခွင့်ပြုခြင်းအတွက် စီမံကိန်းနှင့်ဘဏ္ဘာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၂၃)ဖြင့် အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ခံစားခွင့်ပြုရာတွင် ရခိုင် ပြည်နယ် မောင်တောခရိုင်အတွင်းရှိ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ဝန်ထမ်းများအပြင် နေ့စားအလုပ်သမားများကိုလည်း တစ်ရက်လုပ်ခ ကျပ်ခြောက်ထောင့်ငါးရာနှုန်းကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုခြင်းဖြစ်သည်။

အလားတူ အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၂၃) အရ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဒေသတွင်းလက်ရှိအခြေအနေအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏နှစ်ဆကို ဆက်လက်ခံစားခွင့်ပြုကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here