မိခင်လောင်းများတွင်ဖြစ်ပွားတတ်သည့်ကိုယ်ဝန်ဆောင်ဆီးချိုကိုသတိပြုရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ပြောကြား

0
125

မိခင်လောင်းများအနေဖြင့် မျိုးဆက်သစ်များ ကျန်းမာသန်စွမ်းစေရန်၊ အဝလွန်ရောဂါ မဖြစ်စေရန်နှင့် ဆီးချိုသွေးချိုရောဂါ မဖြစ်စေရန် ဆင်ခြင်နေထိုင်ခြင်းဖြင့် ကာကွယ်သွားရန် လိုအပ်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ (၁၄) ရက်၊ နံနက် (၉) နာရီက ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့စဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားတတ်သည့် ကိုယ်ဝန်ဆောင်ဆီးချို (Gestational diabetes)သည် မိခင်နှင့် ကလေး‌ေ-သဆုံးမှုကို မြင့်မားစေသည့်အပြင် မွေးဖွားလာသည့် ကလေး အရွယ် ရောက်လာချိန်တွင် အဝလွန်ရောဂါနှင့် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများစေနိုင်သောကြောင့် သတိရှိစွာနေထိုင်ရန် ဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ (၁၀)ဦးတွင် (၁)ဦးမှာ ဆီးချိုသွေးချို ရောဂါ ခံစားနေရပြီး ၎င်းရောဂါကြောင့် နှစ်စဉ် လူဦးရေ (၂) သန်းခန့် အသက်ဆုံးရှုံးနေရပြီး ဆီးချိုသွေးချိုရောဂါရှိနေသူ (၅၀)ရာခိုင်နှုန်းခန့်မှာ ၎င်းတို့ ကိုယ်တိုင် ရောဂါဖြစ်ပွားနေမှန်း မသိရှိသောကြောင့် ‌ေ-သဆုံးမှု မြင့်မားလာနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါအန္တရာယ် အသိပညာပေးခြင်းကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ စတင်၍ နှစ်စဉ် နိုဝင်ဘာ (၁၄)ရက်တိုင်း “ကမ္ဘာ့ဆီးချို သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့(World Diabetes Day)” အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိစေရန်နှင့် ဆီးချိုသွေးချို ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာ မြင့်မားစေရေး Center of Excellence for Diabetes များကို ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော် ရှိ ဆေးရုံကြီး(၄)ခု၊ မကွေးပြည်သူ့ဆေးရုံကြီးတွင်လည်း ခေတ်မီနည်းပညာ ကုထုံးများဖြင့် ကုသပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here