တရုတ်နိုင်ငံ ရှန်ရန်မြို့နှင့် အမေရိကန် ချီကာဂို လေကြောင်းလိုင်းသစ်ဖွင့်လှစ်

0
345

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ လျောင်နင်ပြည်နယ်၏ မြို့တော်ရှန်ရန်နှင့် အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တို့အား ချိတ်ဆက်ထားသည့် e-commerce လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသစ်ကို နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသစ်တွင် Air China Cargo ကုမ္ပဏီက ပြေးဆွဲခဲ့သည့် ပထမဆုံးလေယာဉ်တွင် စုစုပေါင်းတန်ဖိုး ယွမ် ၃၄ သန်းခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၇ သန်းခန့်) ရှိသည့် အဝတ်အထည်များ၊ ဖိနပ်များ ၊ ဦးထုပ်နှင့် အီလက်ထရောနစ်အပိုပစ္စည်းများကဲ့သို့သော ကုန်ပစ္စည်းများ ၁၀၃ တန်ကို တင်ဆောင်လာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here