နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိုင်ဝမ်အရေးက အရေးအကြီးဆုံးနဲ့ အန္တရာယ်အများဆုံး ဖြစ်တယ်လို့ ရှီက ဘိုင်ဒင်ကို ပြောဆို

0
244
US President Joe Biden and Chinese President Xi Jinping walk together after a meeting during the Asia-Pacific Economic Cooperation (APEC) Leaders' week in Woodside, California on November 15, 2023. (Photo by Brendan Smialowski / AFP)

အမေရိက နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးမှာ ထိုင်ဝမ်အရေးကိစ္စဟာ အရေးအကြီးဆုံးနဲ့ အန္တရာယ်အများဆုံး အကြောင်းအရာဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အသိပေးပြောဆိုလိုက်ကြောင်း သိရပါတယ်။

ခေါင်းဆောင်နှစ်ဦးအကြား မနေ့က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၅) မှာ အချိန် လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့မှုအတွင်း ရှီက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

တရုတ်အပိုင်လို့ ဆိုထားတဲ့ ကျွန်းဒေသထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်းပေါင်းစည်းရေးကိုသာ တရုတ်နိုင်ငံက ပိုမိုလိုလားတယ်လို့ ရှီက ပြောဆိုကြောင်းနဲ့ အင်အားသုံးလာရနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးမှုအတွင်း ရှီက ထည့်သွင်းပြောဆိုသွားတယ်လို့ အထက်ပါ အမေရိကန်အရာရှိက ဆိုပါတယ်။

အမေရိက အနေနဲ့ ကတော့ ကျွန်းဒေသအပေါ် ချဉ်းကပ်မှုပုံစံက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ တရုတ်အနေနဲ့ ထိုင်ဝမ်အပေါ် အင်အားသုံးကျူးကျော်ဖို့ ပြင်ဆင်တာ၊ မပြင်ဆင်တာနဲ့ မဆိုင်ကြောင်းကို ရှီက ရည်ညွှန်းလိုခြင်းဖြစ်တယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်ကတော့ အမေရိကန် အစိုးရအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းသွားဖို့ စိတ်ပိုင်း ဖြတ်ထားပါကြောင်း ရှီကို တုန့်ပြန်ပြောဆိုခဲ့တယ်လို့ အမေရိကန်အရာရှိက သတင်းထောက်တွေကို ရှင်းလင်း ပြောဆိုသွားပါတယ်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here