မြန်မာနိုင်ငံက ပဋိပက္ခများ အဆုံးသတ်ရန် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာက လက်တွဲဆောင်ရွက်သွားရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြော‌ခွင့်ရသူ ဆို

0
163

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုက်ပွဲရှောင် ဒုက္ခသည်ဦးရေ ၂ သန်းကျော်ရှိလာပြီဖြစ်သည့်အတွက် ယင်းဖြစ်စဉ်များ အဆုံးသတ်ရန် အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များ လက်တွဲဆောင်ရွက်သွားရန် ကမ္ဘာကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ပြောဆိုလိုက်သည်။

လတ်တ‌လောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ရခိုင်ပြည်နယ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံ၏ ဒေသအတော်များများတွင် ဖြစ်ပွားနေပြီး ယင်းဖြစ်စဉ်များအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန်နှင့် အရပ်သားများကို အကာအကွယ်ပေးရန် အစွမ်းကုန် လုပ်ဆောင်ရန် အတွင်းရေးမှူးချုပ်က ထုတ်ပြန်တောင်းဆိုလိုက်သည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများအား အကာအကွယ်ပေးသင့်ကြောင်းနှင့်အရပ်သား ထိခိုက်နစ်နာမှုများအတွက် ကျူးလွန်သူများက တာဝန်ခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးအပ်ခြင်းအတွက် လမ်းကြောင်းအားလုံးမှတဆင့် ဝင်ရောက်ခွင့်ပေးရန် ပန်ကြားထားပြီး မြန်မာပြည်သူပြည်သားများနှင့် စည်းလုံးညီညွတ်ပြီး အားလုံးပါဝင်နိုင်သော တရားမျှတပြီး ငြိမ်းချမ်းသည့် အနာဂတ်အတွက် မျှော်မှန်းချက်ထားရှိကြောင်းလည်း ၎င်းက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here