ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန် ဗြိတိန်အစိုးရအဖွဲ့အတွင်း ပြန်လည်ပါဝင်လာ

0
269

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်းဒေးဗစ်ကင်မရွန်ဟာ တနင်္လာနေ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ အစိုးရအဖွဲ့အတွင်း အံ့အားသင့်ဖွယ်ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။ ဒါဟာပြည်ထဲရေးဝန်ကြီးဆူလေ ဘရေဗာမန် ဖြုတ်ချခံလိုက်ရအပြီး ကွန်ဆာဗေးတစ်အစိုးရအဖွဲ့အတွင်း အရေးပါတဲ့အပြောင်းအလဲတစ်ခုအဖြစ်ရှုမြင်ကြပါတယ်။

၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အကြား အစိုးရအဖွဲ့ကိုဦးဆောင်ခဲ့ဖူးသူဖြစ်တဲ့ကင်မရွန်ကို ဝန်ကြီးချုပ်ရီရှီဆန်နက်ခ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့တာပါ။ ပါလက်စတိုင်းထောက်ခံဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်မှုလျော့ပြောင်းလွန်းတယ်လို့စွပ်စွဲခဲ့အပြီး ဝန်ကြီးချုပ်နဲ့သဘောထားကွဲလွဲခဲ့သူ ဘရေဗာမန်ဟာ ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။ သူမရဲ့မှတ်ချက်စကားကြောင့် အမျက်ဒေါသထွက်မှုတွေလည်းဖြစ်ပေါ်ခဲ့ရပြီး သူမရဲ့နေရာမှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဂျိမ်းစ်ကလီဗာလီကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ကင်မရွန်ကို ဝန်ကြီးအဖြစ်ခန့်အပ်လိုက်မှုဟာ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ လွှတ်တော်အမတ် မဟုတ်သူတစ်ဦးက အခုလိုအစိုးရအဖွဲ့အကြီးတန်းရာထူးရယူလိုက်တာဟာ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here