အိန္ဒိယ၌ ပေ ၃၀၀ ကျော်အနက်ရှိသည့်ချောက်ထဲသို့ ဘက်စ်ကားပြုတ်ကျ ၊၃၆ ဦး ထက်မနည်း‌ေ-သဆုံး

0
206
At least 30 people were killed in Indian-administered Kashmir on November 15, when a passenger bus skidded off a mountainous road and plunged down a rocky slope, police said. (Photo by AFP)

နူးဒေလီ၊နိုဝင်ဘာ ၁၅

အိန္ဒိယနိုင်ငံ၌ ပေ ၃၀၀ ကျော်နက်သည့်ချောက်ထဲသို့ ဘက်စ်ကားတစ်စီးပြုတ်ကျသဖြင့် လူ၃၆ ဦး ထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။အဆိုပါယာဉ်မတော်တဆမှုအတွင် ဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့ပြီး ဒဏ်ရာရသူများအား ဆေးရုံသို့အမြန်ပို့ဆောင်ထားကြောင်းလည်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း ‌ေ-သဆုံးသူများ၏မိသားစုဝင်များနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်းပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများသည်လည်း အမြန်ဆုံးပြန်လည်သက်သာလာစေရန်ဆုတောင်းစကားပြောကြားခဲ့သည်။

ဆက်လက်၍လည်း ဝန်ကြီးချုပ်က PMNRF မှ အလှူငွေ ရူပီး ၂၀၀,၀၀၀ အား ‌ေ-သဆုံးသူများ၏မိသားစုဝင်များထံပေးအပ်သွားမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများအတွက်လည်း ဆေးကုသစရိတ်အနေဖြင့် ရူပီး ၅၀,၀၀၀ စီပေးအပ်သွားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here