နူးဒေလီ၊နိုဝင်ဘာ ၁၅
အိန္ဒိယနိုင်ငံ၌ ပေ ၃၀၀ ကျော်နက်သည့်ချောက်ထဲသို့ ဘက်စ်ကားတစ်စီးပြုတ်ကျသဖြင့် လူ၃၆ ဦး ထက်မနည်းေ-သဆုံးခဲ့ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။အဆိုပါယာဉ်မတော်တဆမှုအတွင် ဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့ပြီး ဒဏ်ရာရသူများအား ဆေးရုံသို့အမြန်ပို့ဆောင်ထားကြောင်းလည်းတာဝန်ရှိသူများကပြောကြားခဲ့သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း ေ-သဆုံးသူများ၏မိသားစုဝင်များနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်းပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများသည်လည်း အမြန်ဆုံးပြန်လည်သက်သာလာစေရန်ဆုတောင်းစကားပြောကြားခဲ့သည်။
ဆက်လက်၍လည်း ဝန်ကြီးချုပ်က PMNRF မှ အလှူငွေ ရူပီး ၂၀၀,၀၀၀ အား ေ-သဆုံးသူများ၏မိသားစုဝင်များထံပေးအပ်သွားမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများအတွက်လည်း ဆေးကုသစရိတ်အနေဖြင့် ရူပီး ၅၀,၀၀၀ စီပေးအပ်သွားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။
Source : WION