တရုတ်မှာ အဆောက်အဦတစ်ခုမီးလောင်ကျွမ်းမှုကြောင့် လူ ၂၆ ဦး‌ေ-သဆုံးကာ ဒါဇင်ချီဆေးရုံတင်ထားရ

0
194

တရုတ်နိုင်ငံမြောက်ပိုင်းရှန်ဇီပြည်နယ်မှာ ဒီနေ့(နိုဝင်ဘာ ၁၆) အဆောက်အဦတစ်လုံးမီးလောင်ကျွမ်းမှုဖြစ်ခဲ့တာကြောင့် လူ ၂၆ ဦး‌ေ-သဆုံးပြီး နောက်ထပ်ဒါဇင်နဲ့ချီ ဆေးရုံတင်ထားရတယ်လို့ နိုင်ငံပိုင်သတင်းကဖော်ပြပါတယ်။

ရှန်ဇီပြည်နယ် Luliang မြို့ရှိ ယမ်ဂျူးကျောက်မီးသွေးကုမ္ပဏီပိုင် လေးထပ်အဆောက်အဦမှာ ဒီနေ့မနက် ၇ နာရီဝန်းကျင်ကစလို့ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာလို့ ဒေသဆိုင်ရာအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဆင်ဟွာက ဖော်ပြပါတယ်။

‌ေ-သဆုံးသူ ၂၆ ဦးရှိတယ်လို့ အတည်ပြုထားနိုင်ကြောင်း သတင်းကဆိုပါတယ်။ အစောပိုင်း CCTV သတင်းမှာဖော်ပြရာမှာတော့ လူပေါင်း ၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ထဲက ၅၁ ဦး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ဆေးရုံတင်ထားသူတွေထဲက ‌ေ-သဆုံးမှုရှိ၊ မရှိကိုတော့ သတင်းဌာနတွေက မဖော်ပြပါဘူး။

´ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေဆဲဖြစ်ပြီးတော့ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါပြီ` လို့ CCTV သတင်းက ဖော်ပြခဲ့ပါတယ်။ ယခုအခါမီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်း သတင်းမှာ ဆက်လက်ဖော်ပြသွားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here