တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင် (၂၀၀၀)ကျော်ကို နေ့ညမပြတ် သယ်ယူ ပို့ဆောင်ဖြန့်ဖြူးပေးနေ၍ ပုံမှန်အတိုင်းဝယ်ယူသုံးစွဲနိုင်

0
307

တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင် (၂၁၇၈)ဆိုင်အား စက်သုံးဆီအမျိုးအစားအလိုက် နေ့ညမပြတ် သယ်ယူ ပို့ဆောင်ဖြန့်ဖြူးပေးနေ၍ ပုံမှန်အတိုင်းဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း စက်သုံးဆီသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီက ထပ်မံအသိပေးထားသည်။

ယင်းသို့ သယ်ယူပိူ့ဆောင်ရာတွင် ဆီသယ်ယာဉ် (၉၂၈)စီးဖြင့် 92Ron ၁ သန်း ၂ သိန်းကျော်၊ ၊ 95Ron ၂ သိန်း ၅သောင်းကျော်၊ ဒီဇယ်ဆီ ၇ သိန်းကျော်၊ ပရီမီယံဒီဇယ် ၁၀ သိန်းကျော်ကို နေ့ညမပြတ် ဆီသယ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ရောင်းချပေးလျက်ရှိကြောင်း ဆိုသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ာာာ (၁၅)ရက် က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (၁၈၇)ဆိုင်သို့ ဆီသယ်ယာဉ် (၃၆၇)စီးဖြင့် 92Ron ၄သိန်းကျော်၊ 95Ron ၂ သိန်း ၄ သောင်းကျော်၊ ဒီဇယ်ဆီ ၃ သိန်း ၂ သောင်းကျော်နှင့် ပရီမီယံဒီဇယ် ၃ သိန်း ၅ သောင်းကျော်တို့ကို လည်းကောင်း အသီးသီး ဖြန့်ဖြူးပို့ဆောင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များသို့ ပြည်ပမှစက်သုံးဆီသင်္ဘောများအဆက်မပြန်ရောက်ရှိလျက်ရှိပြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal (၈) နေရာအပြင် သာကေတမြို့နှင့်လှိုင်သာမြို့နယ်များရှိ Terminal များမှတဆင့်ဖြန်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here