ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ၊ အုပ်စု B မှ မြန်မာနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ရာ ဂျပန်မှ ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိ

0
194

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ၊ အုပ်စု B မှ မြန်မာနှင့် ဂျပန်အသင်းတို့ နိုဝင်ဘာ ၁၆ ရက်၊ (၄) နာရီ (၁၅) မိနစ်မှ စတင်၍ ဂျပန်နိုင်ငံ Osaka မြို့ရှိ PANASONIC STADIUM SUITA ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲတွင် မြန်မာအသင်းအနေဖြင့် ခံစားဦးပေးအဖြစ် နောက်တန်းတွင် ကစားသမား ၆ ဦးအထိ ပိတ်ဆို့ ကစားခဲ့သော်လည်း ဂျပန်အသင်းမှ အနိုင်ဂိုးများ သွင်းယူခဲ့ခြင်းကို ခွင့်ပြုပေးခဲ့ရပြီး ဂျပန်အသင်းမှ ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဂျပန်အသင်းနှင့် ယှဉ်ပြိုင်သည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးမင်း၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ မောင်မောင်လွင်၊ ဇွဲခန့်မင်း၊ ဝေလင်းအောင်၊ ဟိန်းဇေယျာလင်း၊ ဟိန်းထက်အောင်၊ သက်ဟိန်းစိုး၊ စွန်းလန်းမောင်တို့ ပွဲထွက်လူစာရင်းမှာ ကစားခဲ့ကြကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် လာမည့် နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယားအသင်းဖြင့် သုဝဏ္ဏကွင်းတွင် အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here