လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့သည့် မြီရှောက်ချန်း မိမိကိုယ်ကိုယ်အဆုံးစီရင်

0
692

မြီရှောက်ချန်း၏ ရုပ်အလေ-ာင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲလိုအပ်သည်များ စစ်ဆေးအတည်ပြု

ယနေ့ နံနက်ပိုင်းက ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်ဖမ်းဆီးစဉ် Ming Xuechang(မြီရှောက်ချန်း)
သည် ၎င်းတရားမဝင်ကိုင်ဆောင်ထားရှိသည့် ‌ေ-သနတ်ဖြင့်မိမိကိုယ်ကိုယ်ပစ်ကာ အဆုံးစီရင်သွားကြောင်း သိရသည်။

ပစ္စတို‌ေ-သနတ်ဖြင့် မိမိကိုယ်ကိုပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် ‌ေ-သဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ – တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နစက၏ ထုတ်ပြန်ချက်အရ မြီရှောက်ချန်းသည် ဖမ်းဆီးစဉ် အဖမ်းမခံဘဲ မိမိကိုယ် မိမိပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလေ-ာင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲလိုအပ်သည့် စစ်ဆေးအတည်ပြုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Credit 公安部刑侦局 တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို


LEAVE A REPLY

Please enter your comment!
Please enter your name here