ဒေလီ လေထုညစ်ညမ်းမှု “ရေအမြောက်”ဖြင့် လျော့ချရန်စီစဉ်

0
294

နိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် လေထုညစ်ညမ်းမှု အထူးမြင့်မားလျှက်ရှိကာ အဆိပ်သင့်မီးခိုးမြူများ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် အိန္ဒိယနိုင်ငံ၏မြို့တော် ဒေလီတွင် နိုဝင်ဘာ ၁၄ ရက်က “ရေအမြောက်”များကို မြို့တော်အတွင်း ဖြန့်ကျက် နေရာချထားခဲ့သည်။

အဆိုပါ”ရေအမြောက်”များသည် လေထုညစ်ညမ်းမှုကို လျော့ကျစေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကမူ ၎င်းတို့သည် အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိကြောင်း စောဒကတက်ကြသည်။

ဒေလီသည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအရှိဆုံးမြို့ကြီးတစ်မြို့အဖြစ် ပုံမှန်စာရင်းဝင်နေပြီး ကမ္ဘာ့လေထုအရည်အသွေးဆိုင်ရာ သတင်းအချက်အလက်သတ်မှတ်သည့် IQAir မှ လေးနှစ်ဆက်တိုက် ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်အဖြစ် သတ်မှတ်ခြင်းခံရသည်။

မော်တော်ယာဥ်များမှထွက်သည့် အငွေ့များ၊ စက်မှုလုပ်ငန်းများမှ ထွက်သော အငွေ့များနှင့် လယ်ယာထွက်ကုန်များမှ ညစ်ညမ်းသောအညစ်အကြေးများကို မီးရှို့ခြင်းများ၊ ပတ်ဝန်းကျင်ပြည်နယ်များရှိ တောင်သူများ လယ်ယာသစ်စိုက်ပျိုးရန် မီးရှိုခြင်းများကြောင့် ယခု ဆောင်းရာသီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ မြို့တော်အာဏာပိုင်များသည် ဆောက်လုပ်ရေးလုပ်ငန်းများကို ယာယီပိတ်ပင်ထားပြီး မြို့တွင်းသို့ ကြီးမားသောယာဉ်များဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ ကျောင်းများကိုလည်း ယာယီပိတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here