ပြည်တွင်းရွှေဈေးကျရန် တာဝန်ရှိသူများ ညွှန်ကြားထားသည့်အတွက် ဈေးကစားသူများကို အရေးယူမည်ဟု YGEA သတိပေး

0
383

ပြည်တွင်း၌ ရွှေဈေးကျရန် တာဝန်ရှိသူများ ညွှန်ကြားထားသည့်အတွက် ဈေးကစားသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတိပေးထားသည်။

“ရွှေစျေးဖွင့်သူဘယ်သူလဲ ၊ ရွှေကိုစျေးဆွဲတင် ဆွဲချလုပ်ပြီး ကစားသူ၊ လမ်းကြောင်းလုပ်သူများကို ထိရောက်စွာဖော်ထုတ် အရေးယူသွားမည်”ဟု YGEA ကဆိုသည်။

ထို့အပြင် ရွှေဈေးနှုန်း တည်ငြိမ်မှုမရှိအောင် ရွှေဈေးဖွင့်သူ၊ ဈေးကစားသူ၊ ကောလာဟလများထုတ်လွှင့်ပြီး ရွှေဈေး မြင့်တက်လာအောင် လုပ်ဆောင်သူများကို တာဝန်ရှိသူများက ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

ယင်းအပြင် လူမှုကွန်ရက် အသုံးပြုပြီးအရောင်းအဝယ်လုပ်သူများကိုလည်း အရေးယူမည်ဖြစ်ပြီး ညွှန်ကြားချက်ကို မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ‌သိရသည်။

ယနေ့ YGEA အသင်း၏ ရည်ညွှန်းဈေးသည် ရွှေတစ်ကျပ်သား ၃၁ သိန်း အထက်တွင်ရှိပြီး ပြင်ပဈေးကွက်အတွင်း တစ်ကျပ်သား ၃၇ သိန်းအထိ မြင့်တက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here