၇ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၆၇ သန်းကျော် ဝင်ရောက်

0
104

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီ (၁) ရက်မှ အောက်တိုဘာလကုန်ထိ (၇)လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ (၅၆၇.၃ ၈၀) သန်း ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိပြီးဖြစ်သည့် FDI စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ဆောင်ရွက်ခြင်းများလည်း ပါဝင်လျက်ရှိသည်။

အဆိုပါ နိုင်ငံခြား တိုက်ရိုက်ရင်းနီးမြှုပ်နှံမှုတွင် ထိပ်သီးရင်းနှီးမြှုပ်နှံသူအဖြစ် စင်ကာပူနိုင်ငံက ရပ်တည်နေပြီး ရင်းနှီးမြှုပ်နှံမှု FDI ပမာဏ အမေရိကန်ဒေါ်လာ (၃၃၇.၀ ၈၇) သ န်းဖြင့် အများဆုံး ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည်။

ထို့အပြင် တရုတ်နိုင်ငံက FDI ပမာဏ ကန်ဒေါ်လာ (၂၀၅.၂ ၁၅) သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဟောင်ကောင် (SAR) က ကန်ဒေါ်လာ (၁၄.၅၅၉) သန်း၊ တရုတ်တိုင်ပေက ကန်ဒေါ်လာ (၂.၂၀၀) သန်း၊ မာရှယ်ကျွန်းနိုင်ငံက ကန်ဒေါ်လာ (၁.၃၀၀) သန်း၊ ဆာမိုအာက ကန်ဒေါ်လာ (၁) သန်း၊ အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၁.၀၈၇) သန်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။

နိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုက လျှပ်စစ်ကဏ္ဍသို့ ဝင်ရောက်ထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ (၃၇၄.၅၂၅) သန်းအထိ ရင်းနှီးမြှုပ် နှံထားကာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း မပါဝင်ဘဲ FID အသစ် ဝင်ရောက်ခြင်းလည်း ဖြစ်သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍက ကန်ဒေါ်လာ (၈၈.၇၈၈) သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ကဏ္ဍတစ်ခုဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသို့ ကန်ဒေါ်လာ (၇၇.၈၂၀) သန်း၊ မွေးမြူရေးနှင့် ရေထွက်ကုန်ကဏ္ဍသို့ ကန်ဒေါ်လာ (၂၃.၀၅၀) သန်း အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here