ကယားပြည်နယ်ရှိ KNPP နှင့် PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပါဝင်နေသူများကို ဖမ်းဆီးရမိကြောင်း နစက ထုတ်ပြန်

0
257

ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများနှင့် ပို့ဆောင်မည့် သူများအား ဖမ်းဆီးရမိကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

KNPP နှင့် PDF အဖွဲ့များထံ လက်နက်၊ ခဲယမ်းများ ပို့ဆောင်ပေးနေသည်ဟုဒေသခံ ပြည်သူများ လျှို့ဝှက်သတင်းပေးပို့မှုအရ နိုဝင်ဘာ (၁၆)ရက် ညပိုင်းက ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာရှိ၊ New Power စက်သုံးဆီဆိုင်ပိုင်ရှင် ခွန်သောင်းထွန်းအား ဖမ်းဆီးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို့၊ ပန်မုန့် ကျေးရွာနေ ပေတူး(ခ)မာရီယာနို၏ နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦ၌ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်နှင့် ခွန်အောင်ကျော်တို့ (၅) ဦးအား ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သူများနှင့်အတူ ကယားပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်စေသည့် အဖွဲ့များထံ ပို့ဆောင်မည့် RPG ဒုံးပစ်လောင်ချာ (၁၂) လက်၊ တရုတ်စက်လတ် (၉) လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် (၁၀၉) လက်၊ စုစုပေါင်းလက်နက်မျိုးစုံ (၁၃၀) လက်၊ RPG ဒုံးသီး (၁၀၆) လုံး၊ အီနာဂါ ဗုံးသီး (၆၁၀၀) လုံး၊ တရုတ်ကြိုး ဆွဲလက်ပစ်ဗုံး (၁၄၂၆) လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ (၇၆၃၂) လုံး၊ ၇.၆၂ ကျည် (၁၃၆၇၀) တောင့်၊ ၁၀၇ မမ စနက်အုံ (၁၀၀) ခု၊ လက်နက်ငယ်ပြောင်း အပို (၅၀၀) ချောင်း၊ ကျည်အိမ်မျိုးစုံ (၁၈၂၉) ခု၊ TNT ယမ်း (၉၅၀) ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် (၂၀၀) ကီလိုဂရမ်၊ Equipment (၂၀၀၀) စုံ၊ Canter အမျိုးအစား (လိုင်စင်မဲ့) (၆)ဘီးယာဉ် (၃) စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ် (၁) စီးနှင့် Vigo အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ် (၁) စီးတိုအား သိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ယနေ့ နိုဝင်ဘာ (၁၇) ရက် နံနက်ပိုင်းတွ င် ကယားပြည်နယ်ဘက်သို့ လက်နက်၊ ခဲယမ်းများ အဓိကပို့ဆောင်ပေးနေသည့် ထွက်ပြေး တိမ်းရှောင်နေသူ တရားခံ ပေတူး(ခ)မာရီယာနိုအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို့၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများအား ကယား ပြည်နယ်ရှိ KNPP နှင့် PDF အဖွဲ့တို့၏ စေခိုင်းမှုဖြင့် ပင်လုံမြို့နယ်၊ ကုန်းကျောင်း ကျေးရွာသို့ လာရောက်ပို့ဆောင်သည့် SSPP/SSA ယူနီဖောင်းဝတ်ဆင်ထားသူ (၁၀) ဦးထံမှ (၄) ကြိမ်ခွဲ၍ သွားရောက်သယ်ယူခဲ့ခြင်းဖြစ်ကြောင်း နစကကသတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေ အရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်း သယ်ဆော င် ရောင်းဝယ်မှုများ၊ ၎င်းတို့ ပုန်းခိုရာနေရာများနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီးရမိရေး သတင်းပေးနိုင်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here