သဘာဝဘေးနှင့်အလုပ်အကိုင် အခွင့်အလမ်းလိုအပ်‌နေသော မသန်စွမ်းသူများ ဆက်သွယ်အကူအညီတောင်းနိုင်ဟု မသန်စွမ်းသူများအသင်းချုပ် ဆို

0
148

သဘာဝဘေးကြုံတွေ့ရသော မသန်စွမ်းသူများ၊ အလုပ်အကိုင်အကိုင် အခွင့်အလမ်းလိုအပ်‌နေသော မသန်စွမ်းသူများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မသန်စွမ်းသူများအသင်းသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ထံက သိရသည်။

ထို့အပြင် မသန်စွမ်းသူများအား လုပ်ငန်းခွင်ခွဲခြားဆက်ဆံခံရမှု ပပျောက်စေရန် ဆောင်ရွက်သွားမည်ဟုလည်း အသင်းချုပ် က ဆိုထားသည်။

မသန်စွမ်းသူများအတွက် သင့်တော်သော အလုပ်လုပ်ရန် အသင့်ဖြစ်နေသည့် သူများကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီး ဌာန (၃) ခုတွင် အလုပ် ခန့်အပ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီ မသန်စွမ်းသူများအသင်း၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မသန်စွမ်းသူ (၆)ဦးကို နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးရုံး၊ ကိုယ်အင်္ဂါမသန်စွမ်း ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စားစက်မှုဦးစီးဌာန(မကွေးတိုင်းရုံး)တို့အတွက် အလုပ်ခန့်အပ်ထားရှိပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ယခင်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ပညာရေးဝန်ကြီးဌာနတွင်လည်း အလုပ်ခန့်ထားပေးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် မသန်စွမ်းသူများအနေဖြင့် သဘာဝဘေးအပါအဝင် သင့်တော်သော အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မသန်စွမ်းသူများ အသင်းများသို့ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here