သက်ကြီးစာ‌‌ပေပညာရှင်များအတွက် အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်း နှိုးဆော်ထား

0
161

မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးစာ‌‌ပေပညာရှင်များအတွက် အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်း နှိုးဆော်ထားသည်။

ယခုအခါ သက်ကြီးစာ‌‌ပေပညာရှင်များအတွက် စေတနာရှင်များမှ အလှူငွေ ကျပ် ၁၃ သိန်း ၉ သောင်း လှူဒါန်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးပညာရှင်များအား ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာ အသင်း အမှတ်(၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here