လှည်းကူးမြို့ MAX ဆီဆိုင်ရှေ့တွင် ယာဉ်နှစ်စီး မတော်တဆမှု ဖြစ်ပွားကာ ကလေ-းငယ် အပါဝင် (၆) ဦး ထိခိုက်ဒဏ်ရာရ

0
148

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ MAX ဆီဆိုင်ရှေ့တွင် ယာဉ်နှစ်စီး မတော်တဆ တိုက်မိခဲ့ရာ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၁) ဦးနှင့် ကလေ-းငယ် (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သိရသည်။

ယနေ့ နိုဝင်ဘာ (၁၈)ရက်၊ နံနက် (၈)နာရီ (၅၀)မိနစ်အချိန်ခန့်က လှည်းကူးမြို့ MAX ဆီဆိုင်ရှေ့တွင် ဖောကားတစ်စီးနှင့် YBS ခရီးသည်တင် မီနီဘတ်စ်ယာဉ်တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ရာ ခရီးသည်တင် ယာဉ်မောင်း အပါဝင် (၆) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ဖောကားနဲ့ မီနီဘတ်စ်တိုက်မိတာ ဖောကားက လမ်းဖြတ်ကွေ့တာမှာ တိုက်မိတယ်လို့ ပြောတယ်။ ဒဏ်ရာရသူတွေက ခရီးသည်တင်ယာဉ်က လူတွေပါ။ ဖောကားမောင်းတဲ့ သူကတော့ ဘာမှ မဖြစ်ဘူး။ ဒဏ်ရာတွေက မစိုးရိမ်ရပါဘူးဗျ” ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု သတင်းအရ လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သွားရောက်ကာ ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုခြင်းနည်းဖြင့် ကူညီပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို လှည်းကူးဆေးရုံသို့ လှည်းကူးကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here