ဘန်ကောက်မြို့၌ ကျင်းပနေသည့် ဆေးပညာဆိုင်ရာ ညီလာခံမှ ရရှိသော အချက်အလက်များကို မြန်မာနိုင်ငံ ဆေးပညာရှင်များအကြား ပြန်လည်မျှဝေမည်

0
200

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၂၂) ကြိမ်မြောက် အာဆီယံဟော်မုန်းဗေဒ အဖွဲ့အစည်း၏ ဆေးပညာဆိုင်ရာ ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပြီး ညီလာခံမှ ရရှိသော အချက်အလက်များကို မြန်မာနိုင်ငံ ဆေးပညာရှင်များအကြား ပြန်လည်မျှဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးပညာရှင်ဆိုင်ရာ ညီလာခံကို ဘန်ကောက်မြို့၌ နိုဝင်ဘာ (၁၆)ရက်မှ (၁၉) ရက်အထိ ကျင်းပပြုလုပ်နေပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ပါမောက္ခဒေါက်တာကိုကို (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟော်မုန်းဗေဒ ဆေးပညာရှင်အဖွဲ့) ဦးဆောင်သော မြန်မာကိုယ်စားလှယ် (၄၂) ဦး တက်ရောက်နေခြင်းဖြစ်သည်။

အဆိုပါ ညီလာခံမှာ အာဆီယံ ဟော်မုန်းဗေဒ အဖွဲ့ဝင်(၇) နိုင်ငံ စုစည်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဟော်မုန်းဗေဒဆေးပညာရှင်အဖွဲ့မှ ပါမောက္ခ ဒေါက်တာ မိုးဝင့်အောင်၊ အထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မျိုးအောင်နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာ ကြာညိုစိုးမြင့်တို့က အဓိကဟောပြောသူများ အဖြစ် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

ထိုသို့ပါဝင်ဆွေးနွေးခွင့်ရရှိခြင်းဖြင့် မြန်မာနိုင်ငံ၏ ဟော်မုန်း နှင့် ဆီးချိုဆိုင်ရာကုသမှု အခြေအနေများကို အာဆီယံနိုင်ငံများအကြား ရင်းနှီးချစ်ကြည်စွာ အမြင်ချင်းဖလှယ်နိုင်မည်ဖြစ်ပြီး ညီလာခံတွင် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများမှ ဟော်မုန်းဗေဒဆေးပညာရှင်များမှ နောက်ဆုံးပေါ် ကုထုံးများ/ သုတေသန တွေ့ရှိချက်များကို ဆွေးနွေးတင်ပြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here