အမေရိကန်နှင့်တရုတ်ကုန်သွယ်ရေးဝန်ကြီးများ ၂၀၂၄ ခုနှစ်တွင် နောက်ထပ်ဆွေးနွေးပွဲများပြုလုပ်ရန်ကတိပြုခဲ့

0
162
US Secretary of Commerce Gina M. Raimondo speaks at the "Senior Chinese Leader Event" held by the National Committee on US-China Relations and the US-China Business Council on the sidelines of the Asia-Pacific Economic Cooperation (APEC) Leaders' Week in San Francisco, California, on November 15, 2023. - The APEC Summit takes place through November 17. (Photo by CARLOS BARRIA / POOL / AFP)

ဆန်ဖရန်စစ္စကို၊နိုဝင်ဘာ ၁၈

အမေရိကန်နှင့်တရုတ်တို့သည် လာမည့်နှစ်တွင် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ထပ်မံဆွေးနွေးရန်စီစဉ်ထားပြီး တင်းမာမှုများရှိနေသော်လည်း နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ်ပြုထားသည်ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက နိုဝင်ဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။

ယခုသီတင်းပတ်၌ ဆန်ဖရန်စစ္စကိုတွင်ကျင်းပသည့် အာရှ – ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်ပြင်ပတွင် အမေရိက နှင့်တရုတ်သမ္မတတို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ယခုကြေညာချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

နှစ်နိုင်ငံသမ္မတများ၏တွေ့ဆုံမှုအပြီး၌ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် ကြာသပတေးနေ့တွင် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့်တွေ့ဆုံစကားပြောဆိုခဲ့သည်ဟုလည်းသိရသည်။

၎င်းတို့တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးခဲ့ကြပြီး လာမည့် ၂၀၂၄ ခုနှစ်အစောပိုင်းတွင် လူချင်းတွေ့ဆုံရန်စီစဉ်ထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here