တညင်းကုန်း လမ်းဆုံတွင် ကားတစ်စီးမှ သားအမိ (၂) ဦးအား ဝင်တိုက်မိပြီး မိခင်ဖြစ်သူ စိုးရိမ်ရ

0
364

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံတွင် ကားတစ်စီးမှ လမ်းဖြတ်ကူးနေသည့် သားအမိ (၂) ဦးအား အရှိန် မထိန်းနိုင်ဘဲ ဝင်တိုက်မိ၍ မိခင်ဖြစ်သူမှာ စိုးရိမ်ရ ဒဏ်ရာနှင့် ကလေ-းငယ်မှာ အဝါရောင်အဆင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

တညင်းကုန်းလမ်းဆုံ၊ အင်းစိန်မြို့နယ်ဘက်အခြမ်း၊ သီရိမင်္ဂလာလမ်းမပေါ်တွင် နိုဝင်ဘာ (၁၈)ရက်၊ မွန်းလွဲ (၃) နာရီ (၂၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် (၃၀)နှစ် ဝန်းကျင်အရွယ် မိခင်ဖြစ်သူမှာ ဦးခေါင်းအားထိခိုက်ခဲ့သည့်အတွက် စိုးရိမ်ရအ‌ခြေအနေဖြစ်ပြီး အသက် (၄)နှစ်အရွယ် ကလေ-းငယ်မှာ ညာခြေကျိုး၊ ဦးခေါင်းထိခိုက်ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ မိခင်နှင့် ကလေ-းငယ်တို့ကို ကြယ်စင်မေတ္တာလူမှုကူညီရေးအဖွဲ့ နှင့် ပူးပေါင်း၍ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကလေ-းငယ်အား လွှဲပြောင်းစာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအဖွဲ့မှ ထပ်မံလွှဲပြောင်းပို့ဆောင် ကူညီပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here