အခန်းနောက်ခံဘက်ဂရောင်းကို ရှင်းပေးမည့် AI နည်းပညာသုံး Webcam feature မိုက်ခရိုဆော့ဖ်မှ အသစ်ထည့်သွင်း

0
296

Zoom အစည်းအဝေးများတွင် မိမိအခန်းတွင်း ရှုတ်ပွနေသည်တို့ကို ရှင်းလင်းပေးမည့် AI နည်းပညာသုံး webcam feature အသစ်တစ်ခုကို မိုက်ခရိုဆော့ဖ်ကုမ္ပဏီက Windows တွင် ထပ်မံဖြည့်စွက်ထည့်သွင်းလိုက်ကြောင်းသိရသည်။

ယင်းကို “decorate your background” feature ဟု အမည်ပေးထားကြောင်း မိုက်ခရိုဆော့ဖ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အသစ်ဖြည့်စွက်လိုက်ခြင်းက Windows အသုံးပြုသူတို့အနေဖြင့် မိမိတို့၏အခန်းတွင်း နောက်ခံဘက်ဂရောင်းများ ရှုတ်ပွနေခြင်းကို ယင်း feature ဖြင့် သန့်ရှင်းစေနိုင်မည်ဖြစ်သည်။

ထို့အပြင် အသံကိုပြုပြင်ပေးသော feature ကိုလည်း မိုက်ခရိုဆော့ဖ်က ဆက်လက်ဖြည့်စွက်ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here