SME Development Bank၏( ၂၇ ) ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးကျင်းပပြုလုပ်

0
330

SME Development Bank၏ ( ၂၇ )ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးကို ယနေ့ နိုဝင်ဘာလ ၁၈ ရက် မနက်၁၀ နာရီကရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲအခမ်းအနားကို SME Development Bank ရဲ့ ဥက္ကဌကြီးနှင့်တကွ BOD အဖွဲ့ဝင်လူကြီးများ၊ ဘဏ်၏ အစုရှယ်ယာရှင်လူကြီးများ၊ အရာထမ်းများ၊အမှုထမ်းများနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်ကြီးများတက်ရောက်ခဲ့ကြသည်။

အဆိုပါပွဲကျင်းပပြုလုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီး SME Development ၏ တာဝန်ရှိသူ ဦးသန်းကျော်မှ
” SME Development Bank အနေနဲ့အခုလိုပွဲမျိုးကိုနှစ်စဥ်နှစ်တိုင်းစည်ကားစွာကျင်းပပြုလုပ်လေ့ရှိသလို ဒီနေ့အခမ်းအနားမှာတော့ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းတွေ ၊ ဘဏ်ရဲ့တိုးတက်ဖြစ်ထွန်းမှုတွေနဲ့ ဘဏ်ရဲ့ရှေ့လုပ်ငန်းစဥ်တွေအပေါ်မှာ တက်ရောက်လာကြတဲ့လူကြီးမင်းများကအတည်ပြုဆွေးနွေးပေးကြမှာဖြစ်ကြောင်း​”​ပြောကြားခဲ့သည်။

SME Development Bank အနေနဲ့ Digital Payment တစ်ခုဖြစ်တဲ့ SME Pay ဝန်ဆောင်မှုကိုစတင်သွားမှာဖြစ်တဲ့အပြင် Credit Card , Internet Banking စတဲ့ Digital Service တွေကိုလည်းခေတ်နဲ့အညီဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်းသိရပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here