စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာ (၅၀၀၀) ကျပ် ဝန်းကျင်သို့ ရောက်လာ

0
119

ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာ ၅၀၀၀ နီးပါးအထိ မြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပါတ်က ထုတ်ပြန်သည့် စားအုန်းဆီ လက္ကား ရည်ညွှန်းဈေးမှာ တစ်ပိဿာ (၄၆၉၀) ကျပ်ဖြစ်ပြီး ယနေ့နိုဝင်ဘာလ (၂၀) ရက်တွင် ထုတ်ပြန်သည့် လက္ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ (၄၉၉၀) ကျပ်ဖြစ်သဖြင့် တစ်ပိဿာ (၃၀၀) ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုအရ နိုဝင်ဘာလ (၂၀) ရက်မှ (၂၇) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက္ကားရည်ညွှန်းဈေးမှာ တစ်ပိဿာကို (၄၉၉၀) ကျပ် ဖြစ်သည်။

စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here