မြန်မာ့အရေးသည် အာဆီယံအတွက်ခက်ခဲသောပြဿနာတစ်ရပ်ဖြစ်ဟု မားကို့စ်ပြော

0
180

မနီလာ၊နိုဝင်ဘာ ၂၀

အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ အဆင်ပြေနိုင်မည့်ဘုံသဘောတူညီချက် တစ်ရပ်အားရရှိခဲ့‌သော်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲများပိုပြင်းထန်လာသဖြင့် မြန်မာ့အရေးသည် အာဆီယံအသိုင်းအဝိုင်းအတွက်ဖြေရှင်းရခက်စေသောပြဿနာတစ်ရပ်ဖြစ်သည်ဟု ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ကပြောကြားခဲ့သည်။

မြန်မာ့ပဋိပက္ခစတင်ချိန် ၂၀၂၁ ခုနှစ်ကစ၍ နိုင်ငံအတွင်းရှိပြည်သူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြင့် စစ်ဘေးရှောင်နေရပြီး နှစ်ဖက်တင်းမာမှုများ‌ကြောင့် နိုင်ငံ့စီးပွားရေးနှင့်အရှိန်ရခါစဒီမိုကရေစီစနစ်အားပျက်စီးစေခဲ့သည်ဟုလည်း ကုလသမဂ္ဂကပြောကြားခဲ့သည်။

“အာဆီယံအတွက် ဒီပြဿနာကိုဖြေရှင်းဖို့ တွန်းအားတွေအများကြီးရှိနေပေမယ့် ဒါကဖြေရှင်းရအရမ်းခက်ခဲတဲ့ပြဿနာပါပဲ” ဟုလည်းမားကို့စ်ကပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် မြန်မာနိုင်ငံရှိပဋိပက္ခများကြောင့် မြန်မာနိုင်ငံက တာဝန်ယူရမည့် အာဆီယံဥက္ကဌရာထူးနေရာ၌ အစားထိုးလျက် ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူမည်ဟုလည်းသိရသည်။

ပြီးခဲ့သည့်လမှစတင်ကာ မြန်မာ့တပ်မတော်အား တိုင်းရင်းသားမဟာမိတ်သုံးဖွဲ့ မှထိုးစစ်ဆင်နေခြင်းကြောင့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများဖြစ်ပေါ်ကာ လူပေါင်းသောင်းနှင့်ချီ ၍ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here