ဘန်ကောက်၊နိုဝင်ဘာ ၁၉
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားနှစ်ရာကျော်ကို တရုတ်နိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်၌ပြောကြားခဲ့သည်။
ထိုင်းလူမျိုး ၂၆၆ ဦးနှင့် အရေအတွက်အတိအကျမသိရသေးသော ဖိလစ်ပိုင်နှင့်စင်္ကာပူနိုင်ငံသားများပါဝင်သည့်အဖွဲ့တစ်ဖွဲ့အား ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ မြန်မာ-တရုတ်နယ်စပ်သို့ မြန်မာအာဏာပိုင်များ၏အကူအညီဖြင့် ရွှေ့ပြောင်းပေးထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
အဆိုပါအဖွဲ့အား တရုတ်နိုင်ငံတွင်းသို့ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ယင်းနောက် တရုတ်နိုင်ငံကူမင်းမြို့မှ ဘန်ကောက်သို့ စင်းလုံးလေယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ဘန်ကောက်တွင်လူကုန်ကူးမှုနှင့်ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ထိုင်းအာဏာပိုင်များကမူ မြန်မာနိုင်ငံ၌ပိတ်မိနေသူအချို့သည် လူကုန်ကူးခံရသူများဖြစ်ကြပြီး အချို့မှာ တယ်လီကွန်းလိမ်လည်မှုဂိုဏ်းများနှင့် ပတ်သက်နေနိုင်ကြောင်းလည်းပြောကြားခဲ့သည်။
မြန်မာ့တပ်မတော် နှင့် ထိုင်းအစိုးရတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံသား ၄၁ ဦးအား နေရပ်ပြန်ပို့နိုင်ခဲ့ပြီးနောက်ယခုကဲ့သို့ထိုင်းနိုင်ငံသားများကို ရာချီ၍ နေရာရွှေ့ပြောင်းကူညီပေးမှုဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။
Source : ရိုက်တာ/အီးစီ