တရုတ်နိုင်ငံသား ၁၀၄၂ ဦးအား တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်

0
827

နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသူ တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးတိုအား စီစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီ  ဆောင်ရွက်နိုင်‌ရေး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို ဆက်လက်လွှဲပြောင်းပေးအပ်လျက်ရှိရာ နိုဝင်ဘာ (၂၀)ရက်က ၁၀၄၂ ဦးကို လွှဲပြောင်း ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၀  ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၉၁၇ ဦး၊ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၂၀၅၉ ဦးတိုကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲအစည်းများမှ လိုအပ်သည့် စီစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို ပြန်လည် လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ နယ်စပ်ဒေသများ၌ တရားမဝင် ဝင်‌ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စီစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here