ဂါဇာဓ-ားစာခံများပြန်လွှတ်ရေး ဆွေးနွေးမှုတိုးတက်မှုရှိ–အိမ်ဖြူတော်

0
177

ဝါရှင်တန်၊နိုဝင်ဘာ ၂၁

အစ္စရေး – ဟားမတ်စ်အရေး၌ နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေသော်လည်း ဂါဇာရှိဓ-ားစာခံများလွှတ်ပေးရေးဆွေးနွေးရာ၌ အဆင်ပြေတိုးတက်မှုရှိသည်ဟုအိမ်ဖြူတော်ကပြောကြားခဲ့သည်။

အ​မေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း အစ္စရေးနှင့်ဟားမတ်စ်အကြား ဓ-ားစာခံအရေးဆွေးနွေးမှုသည် ယခင်ကထက်ခရီးပိုပေါက်လာသည်ဟုပြောကြားခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူဂျွန်ကာဘီကပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်ဘက်မှဒုံးကျည်ဖြင့်စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၂၀၀ ‌ေ-သဆုံးခဲ့ပြီး ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်က အစ္စရေးများအပါအဝင် နိုင်ငံခြားသားများပါမကျန် စုစုပေါင်းဓ-ားစာခံ ၂၄၀ ဦးအားခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းဓ-ားစာခံများလွှတ်ပေးရေးအတွက် နှစ်ဖက်ဆွေးနွေးမှုများလုပ်ဆောင်နေပြီး သဘောတူညီမှုရရှိနေပြီဟုသတင်းထွက်နေသော်လည်းအစ္စရေးနှင့်ဝါရှင်တန်တို့ကငြင်းဆိုထားသေးသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here