သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီတင် သင်္ဘော (၃) စင်း ထပ်မံဆိုက်ကပ်၊ဆီချဖြည့်တင်း​နေ

0
292

ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များသို့ ပြည်ပမှစက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာသိုလှောင်ကန်များသို့ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် စက်သုံးဆီတင်သင်္ဘော (၃) စီးမှ စက်သုံးဆီများအား ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင်ထပ်မံ၍ ဆီဖြည့်တင်းရန် အသင့်စောင့်ဆိုင်းနေသည့် စက်သုံးဆီတင် သ‌င်္ဘောတစ်စီးရှိကြောင်းနှင့် ထပ်မံဝင်ရောက်မည့် စက်သုံးဆီတင်သင်္ဘောများလည်းရှိနေကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ်များဖြင့် အဆက်မပြတ် ဖြည့်တင်းသယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိကြောင်းလည်း သိရသည်

ယင်းသို့ ဖြည့်တင်းပေးလျက်ရှိရာ (၁၉) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၉၆၀) ဆိုင်သို့ ဆီသယ်ယာဉ် (၁၃၁၁) စီးဖြင့် ၉၂ ဂါလန် (၁ သန်း ၄ သိန်း ၇ သောင်း)ကျော် ၊ ၉၅ ဂါလန် (၃ သိန်း ၃ သောင်းကျော်) ၊ဒီဇယ်ဆီဂါလန် (၁ သန်း ၄ သောင်းကျော်)၊ ပရီမီယံဒီဇယ်ဆီ (၁ သန်း ၂ သောင်းကျော်) အားပို့ဆောင်ဖြန့်ဖြူးပေးထားကြောင်း သိရသည်။

အများပြည်သူများအနေဖြင့်လည်း စက်သုံးဆီဖြည့်ရာတွင်​စောင့်ဆိုင်းမူကြာမြင့်ခြင်းမျိုးမရှိကြောင်းနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here