ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းရှိ ဘုံကျောင်း တစ်ကျောင်းတွင် မီးလောင်မှုဖြစ်ပွား

0
395

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရေတာရှည်လမ်းဟောင်းရှိ တရုတ်ဘုံကျောင်း တစ်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှတဆင့် သတင်းများအရ သိရသည်။

ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း၊ ၃ လမ်းထိပ် အ.မ.က. (၂၁) ကျောင်းဘေးရှိ တရုတ်ဘုံကျောင်း တစ်ကျောင်းတွင် ယနေ့ နိုဝင်ဘာ (၂၁) ရက် နံနက် (၉) နာရီ (၅၁)မိနစ် အချိန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို စမ်းချောင်းမြို့နယ်မီးသတ်စခန်းနှင့် တာမွေမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀) နာရီ (၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ် အသေးစိတ်၊ ပျက်စီးဆုံးရှုံးမှု အခြေနေများကို မီးသတ်တပ်ဖွဲမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo – ရဲသူရိန်


LEAVE A REPLY

Please enter your comment!
Please enter your name here