ဂါဇာအရေးကိုအလေးထားဆောင်ရွက်ပေးရန်တရုတ်ပြောကြား

0
353

ဟောင်ကောင်၊နိုဝင်ဘာ ၂၀

မွတ်ဆလင်နိုင်ငံများ၏ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် လက်ရှိဖြစ်ပေါ်နေသော အစ္စရေး – ဟားမတ်စ်ပဋိပက္ခ အရေးအား ကမ္ဘာကြီးအနေဖြင့် အထူးအလေးပေးဆောင်ရွက်ရမည်ဟု ပေကျင်း ထိပ်တန်း သံတမန်ကပြောကြားခဲ့သည်။

ပေကျင်းသည် အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်ပေးနိုင်ရန် ကြိုးပမ်းနေသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဆော်ဒီအာရေးဗျ၊ဂျော်ဒန်၊အီဂျစ်၊ပါလက်စတိုင်းအမျိုးသား အာဏာပိုင်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များအပြင် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အကြီးအကဲတို့အား လက်ခံတွေ့ဆုံခဲ့ပြီး ၎င်းတို့သည်ကမ္ဘာ့မြို့တော်များစွာကိုဆက်လက် သွားရောက်ရန်မျှော်လင့်ထားကြောင်းလည်းသိရသည်။

တရုတ်သို့လာရောက်သည့် အဆိုပါခေါင်းဆောင်များကလည်း စစ်ပွဲရပ်တန့်ရေးအတွက်ပြင်းပြသောဆန္ဒရှိပြီး စစ်ပွဲကိုချက်ချင်းရပ်ကာ အထောက်အကူများနှင့်အကူအညီများ ဂါဇာသို့ချက်ချင်းရောက်ရှိနိုင်ရန်ကြိုးပမ်းဖို့လိုအပ်ကြောင်းပြောကြားခဲ့သည်။

ပေကျင်း၌ယခုလိုလာရောက်တွေ့ဆုံကြခြင်းသည် ဖမ်းဆီးခံဓ-ားစာခံများပြန်လွတ်ရေးအတွက် အဓိကဖြစ်နိုင်ကြောင်းလည်း အဆိုပါကိစ္စနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောကြားခဲ့သည်။

Source : စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here