ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေးအနည်းငယ်မြင့်တက်လာ

0
274

ယနေ့တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးသည်လည်း အနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ယနေ့ နိုဝင်ဘာ (၂၁) ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၉၉၂ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့နှင့် နှိုင်းယှဉ်ပါက ၁၄ ဒေါ်လာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ (၂၀ )ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် (၃၆) သိန်းအောက်သို့ကျဆင်းသွားပြီး ယနေ့တွင် ၃,၆၂၀,၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် နိုဝင်ဘာ (၁၄) ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် (၃၆) သိန်းကျော်သို့ စတင်မြင့်တက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ကျပ် (၃၈) သိန်းနီးပါးအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ရွှေဈေးနှုန်းမတည်ငြိမ်အောင် ရွှေဈေးဖွင့်သူ၊ ဈေးကစားသူ၊ ကောလာဟလများထုတ်လွှင့်ပြီး ရွှေဈေးမြင့်တက်လာအောင်လုပ်သူများကို တာဝန်ရှိသူများက ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း YGEA အသင်းမှ သတိပေးထားသည်။

ယင်းအပြင် လူမှုကွန်ရက်များ အသုံးပြုပြီးအရောင်းအဝယ်လုပ်သူများနှင့် ညွှန်ကြားချက်ကို မလိုက်နာသူများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ‌သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here